ဧရာဝတီ ၊ သြဂုတ် ၂၁ ၊ ၂၀၁၈
မြန်မာနိုင်ငံတောင်ပိုင်းတွင် အင်အားအတောင့်တင့်ဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တဖွဲ့အဖြစ် ရပ်တည်နေသည့် ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNU/KNLA)မှာ အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုး ထားသည်။
KNU သည် ၂၁ ရာစုပင်လုံညီလာခံ နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်နေသော်လည်း စစ်ရေးဘက်ဆိုင်ရာ လက်တံဖြစ်သည့် KNLA မှာ မြေပြင်တွင် တပ်မတော်နှင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားရှိသည်။
KNLA ထိန်းချုပ်သည့် အခြားဒေသများတွင်လည်း တပ်မတော်နှင့် စစ်ရေးတင်းမာမှု အချို့ ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ဇူလိုင်လအတွင်း နေပြည်တော်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ရာစုပင်လုံ တတိယအကြိမ် ကျင်းပနေစဉ်လည်း တပ်မတော်နှင့် KNLA တပ်မဟာ (၅)တို့ ပစ်ခတ်မှုများ ရှိခဲ့သည်။
အင်တာဗျူး- နန်းလွင်နှင်းပွင့်
ရိုက်ကူး/ တည်းဖြတ်- အဲမလီ