ဧရာဝတီ၊ သြဂုတ် ၂၇၊ ၂၀၁၈
ရန်ကုန်တက္ကသိုလ် ပေါ်ပေါက်ခဲ့တာ အခုဆိုရင် နှစ် ၁၀၀နီးပါး ရှိခဲ့ပါပြီ၊ ဒီတက္ကသိုလ်နယ်မြေမှာ ပင်မဆောင်တွေသာမက ပညာရေး တက္ကသိုလ်နဲ့ ဆေးတက္ကသိုလ်(၁) တို့လည်း ပါဝင်ပါတယ်။
ဒီလို ရှေးကျပြီး ဗိသုကာ လက်ရာမြောက်တဲ့ ပညာရေး တက္ကသိုလ်နဲ့ ဆေးတက္ကသိုလ်ရဲ့ အကြား အဆောက်အအုံ သစ်တခု ပေါ်ပေါက်လာနေတာနဲ့ ပတ်သက်ပြီး သမိုင်းတန်ဖိုးအရ ကြီးမားတဲ့ရှေးဟောင်း အဆောက်အအုံတွေ အနီးမှာ အဆောက်အအုံသစ်တွေ ဆောက်ရန်သင့်မသင့်၊ တည်ဆောက်မည်ဆိုပါက မည်သည့်ပုံစံ၊ မည်သို့ တည်ဆောက်သင့်သလဲ ဆိုတာကို ဗိသုကာပညာရှင်တွေနဲ့ တွေ့ဆုံကာ မေးမြန်းတင်ဆက်ထားပါတယ်။
အင်တာဗျူး – ဇူဇူး
ရိုက်ကူး – ဝေနှင်းထွဋ်၊ ငြိမ်းဇော်