မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်းက ရှေးဟောင်း တကောင်း ယဉ်ကျေးမှုနယ်မြေက လျှပ်စစ်ဓာတ်အားခွဲရုံဖွင့်ပွဲကို အောက်တိုဘာ ၁၄ ရက်နေ့က ကျင်းပခဲ့ပါတယ်။
JICA (ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ) ချေးငွေနဲ့ တည်ဆောက်ခဲ့တာဖြစ်ပြီး စုစုပေါင်း ၁၅ ဘီလီယံခန့် ကုန်ကျခဲ့တယ်လို့ သိရပါတယ်။ အဲဒီ
လျှပ်စစ်ဓါတ်အားခွဲရုံကနေ တကောင်းမြို့ရှိ ရပ်ကွက် ၃ခု ကျေးရွာ၆ခု အပြင် သပိတ်ကျင်းမြို့နယ်ရှိကျေးရွာ ၉ ခု စုစုပေါင်း ကျေးရွာ ၁၈ ရွာကို ၂၄နာရီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မှာဖြစ်ပါတယ်။