မြေလတ်ဒေသ ပြည်မြို့နယ်တဝိုက်မှာတော့ လွန်ခဲ့တဲ့ နှစ်တရာကျော်ကတည်းက နိဗ္ဗိန္နတောရကျောင်းတိုက်ရဲ့ သိမ်တော်ထဲမှာ သံဃာတော်တွေဟာ ဝါတွင်းသုံးလပတ်လုံး တကျောင်းထဲမှာ အတူတကွ နေထိုင်ပြီး တပါးနဲ့တပါးကြား မြင်၍ဖြစ်စေ ကြား၍ဖြစ်စေ ယုံမှားသံသယဖြစ်၍ အပြစ်ပြုမိခဲ့ပါက ဝါအကြီးဆုံးသံဃာမှစ၍ ထောက်ပြပြောဆိုကြခြင်းကို ပဝါရဏာပြုခြင်းကို သီတင်းကျွတ်လပြည့်နေ့မှာ ကျင်းပပြုလုပ်လေ့ရှိပါတယ်။
လပြည့်ကျော် တရက်နေ့ နံနက် ၃ နာရီလောက်ကနေစပြီး မြို့ပေါ်ရပ်ကွက်ရှိ အလှူရှင်တွေက ဆွမ်း၊ သစ်သီးနဲ့ မုန့်တွေကို ပြည်မြို့ပေါ်က စေတီပုထိုးတွေမှာလည်း ဆွမ်းတော်ကြီးကပ်လှူပူဇော်လေ့ရှိပါတယ်။
ရိုက်ကူး – ကောင်းမြတ်မင်း