ရှေးဟောင်းယဉ်ကျေးမှုဇုန်အဖြစ် သတ်မှတ်ထားတဲ့ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီ တည်ရှိရာ တောင်ပေါ်က အိမ်တွေ၊ ဈေးဆိုင်ခန်းတွေနဲ့ ခရီးသွား ဧည့်သည်တွေရဲ့ စွန့်ပစ်အမှိုက်တွေကို ကျိုက်ထီးရိုးတောင်ပေါ်ကနေ အောက်ကို ပစ်ချလိုက်တာ ဖြစ်ပါတယ်။
ဒီလို တောင်အောက်ကိုပစ်ချတဲ့စနစ်နဲ့ အမှိုက်သိမ်းလာတာက ၁၀ စုနှစ် တခုကြာခဲ့ပြီဖြစ်ပါတယ်။
လက်ရှိအစိုးရကတော့ ကျိုက်ထီးရိုးတောင်ပေါ်က အမှိုက်တွေကို သဘာဝပတ်ဝန်းကျင် မထိခိုက်အောင် ဘယ်လို ထိန်းသိမ်းမလဲဆိုတာ ကြိုးစားနေဆဲ ဖြစ်ပေမယ့် လက်ရှိအချိန်ထိတော့ အမှိုက်တွေကို တောင်ပေါ်ကနေ တောင်အာက်ကို ပစ်ချနေဆဲ ဖြစ်ပါတယ်။