ဧရာဝတီ၊ အောက်တိုဘာ ၃၀၊ ၂၀၁၈
သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာအမှုတွေကို စစ်ဆေးစီရင်ခြင်းဆိုင်ရာ အာရှ ပစိဖိတ်ဒေသ တရားရေးညီလာခံကို နေပြည်တော် Hilton ဟိုတယ်မှာ အောက်တိုဘာလ ၂၉ရက်က ကျင်းပခဲ့ပါတယ်။
သဘာဝပတ်ဝန်းကျင်ထိခိုက်ခြင်းနဲ့ ရာသီဥတုအပြောင်းအလဲကြောင့် နစ်နာသူတွေက တာဝန်ရှိတွေကို တရားစွဲဆိုတဲ့အပေါ် တရားရုံးတွေက စီရင်ဆုံးဖြတ်တာနဲ့ ပတ်သက်ပြီး နိုင်ငံတကာပညာရှင်တွေနဲ့ ညီလာခံကျင်းပ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
ညီလာခံကို အာရှ ပစိဖိတ်ဒေသနိုင်ငံတွေ၊ အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျနိုင်ငံ၊ ဘရာဇီးနိုင်ငံတွေက တရားသူကြီးချုပ်၊ တရားသူကြီးတွေ၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ UNEP က တာဝန်ရှိသူတွေ၊ နိုင်ငံတကာကျွမ်းကျင်ပညာရှင်တွေ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၊ဥက္ကဌ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးတွေ၊ ဒုတိယရှေ့နေချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တရားလွှတ်တော်တွေက တရားသူကြီးချုပ်တွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
ရိုက်ကူး – ကျော်မျိုး