ဧရာဝတီ၊ ၆ ဒီဇင်ဘာ၊ ၂၀၁၈
၂၀၁၅ ရွေးကောက်ပွဲအပြီး NLD ပါတီ တောင်ပြိုကမ်းပြို အနိုင်ရလို့ ပြည်တွင်းမီဒီယာသမားတွေကို ကျေးဇူးတင်ပြီး ဒေါ်အောင်ဆန်းစုကြည်က ညစာစားပွဲနဲ့ တည်ခင်းတဲ့အထိ နွေးထွေးစွာ ဆက်ဆံခဲ့ဖူးပါတယ်။ ဒါပေမယ့် ၃ နှစ်နီးပါးအကြာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရနဲ့ ပြည်တွင်းမီဒီယာတွေကြား ဆက်ဆံရေးက တစတစ အေးခဲမာကြောလာနေခဲ့တာ ပြီးခဲ့တဲ့ ရက်အတွင်း ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်ရဲ့ မိန့်ခွန်းကို စာနယ်ဇင်းအဖွဲ့တွေ စာထုတ် ကန့်ကွက်ကြတဲ့အထိပါပဲ။ ဒီလို ဘာကြောင့် ဖြစ်လာရသလဲ၊ ဆိုရှယ်မီဒီယာခေတ်မှာ ပြည်တွင်း သတင်းမီဒီယာတွေ ဘာလဲ ဘယ်လဲ၊ အစိုးရ သက်တမ်း ၃ နှစ်အတွင်း ပြန်ကြားရေးဝန်ကြီးရဲ့ ပြုပြင်ပြောင်းလဲရေး ဘာတွေအောင်မြင်လဲ စတာတွေကို ဒီတပတ် ဧရာဝတီရဲ့ ဒိတ်လိုင်း မှာ ဆွေးနွေးထားပါတယ်။
ရိုက်ကူး – ကျော်သူရ