ကျန်းမာရေးပိုမိုကောင်းမွန်လာပြီး ကိုယ်အလေးချိန် ပေါင် ၂၀ အထိပင် တိုးလာသည်ဟု နိုင်ငံတော်သမ္မတဟောင်း ဦထင်ကျော်က ပြောပါတယ်။
နေပြည်တော်စည်ပင်ဧည့်ရိပ်သာမှာ ဒီဇင်ဘာလ ၆ရက်က လွှတ်တော်ကိုယ်စားလှယ်များစုပေါင်းပြုလုပ်တဲ့ စတုဒီသာ ကျွေးမွေးပွဲကို ဇနီးဖြစ်သူ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင် နဲ့အတူ လာရောက်စဉ် ပြောခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ စာဖတ်ခြင်း စာရေးခြင်းတို့ကို ပြုလုပ်နေတယ်လို့လည်း သူကပြောပါတယ်။