ဈေးကွက်ဝေစုကြီးကြီမားမားရရှိထားသည့် MPT ကို ထိပ်တန်းအခွန်ပေးဆောင်ထားသည်ကို မတွေ့ရသည့်အတွက် အခွန်ပေးဆောင်မှုအခြေအနေကို ရှင်းရှင်းလင်းလင်း သိရှိလိုကြောင်း ဆိပ်ကြီးခနောင်တိုအမတ် ဦးတင်ထွန်းနိုင်က ပြည်ထောင်စုလွှတ်တော်တွင် မေးခွန်းထုတ်ခဲ့သည်။
၂၀၁၇ ၁၈ ဘဏ္ဍာရေးနှစ် ဒုတိယ ၆ လပတ်အခွန်ကောက်ခံရရှိမှုအခြေအနေအပေါ်
လွှတ်တော်တွင် ဆွေးနွေးစဉ် ၎င်းက ဝေဖန် ပြောဆိုခဲ့ခြင်းဖြစ်သည်။
ထိုသို့ MPT ကို မတွေ့ရသော်လည်း ကုန်သွယ်လုပ်ငန်းခွန် ထိပ်တန်းအခွန်ဆောင်သူစာရင်းတွင် တယ်လီနောက ကျပ်ဘီလီယံ ၅၀ ကျော်ပေးဆောင်ထားပြီး နံပါတ် ၁၊ အူရီဒူးက ကျပ်ဘီလီယံ ၅၀ အောက်ပေးဆောင်ထားပြီး ဒုတိယအနေအထားတွင် ရှိကြောင်း MPT နှင့် ၎င်း၏ မိတ်ဖက်ဖြစ်သည့် KDDI ကုမ္ပဏီကို စာရင်းတွင် မတွေ့ရကြောင်း ဥိးတင်ထွန်းနိုင်က ပြောသည်။
Commercial Income Tax ပေးဆောင်ရာတွင်လည်း တယ်လီနောက ကျပ်ဘီလီယံ ၈၀ ကျော်ပေးဆောင်ချိန်တွင် MPT နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသည့် KDDI Summit Global Myanmar Coltd ကုမ္ပဏီက ကျပ်ဘီလီယံ ၃၀ အောက် ပေးဆောင်သည့် စာရင်းတွင်သာ တွေ့ရှိရကြောင်း ၎င်းက ဆိုသည်။