မြန်မာပြည်မြောက်ပိုင်း မှာရှိနေတဲ့ ဖုန်ကန်ရာဇီ ၊ဖုန်ရင်ရာဇီ ၊ဖန်ဂန်ရာဇီနဲ့ မဒွယ်ရေခဲတောင်တွေကို ခရီးသွားဧည့်သည်များ လည်ပတ်မှုတွေရှိနေပါတယ်။ ခရီးသွားတွေ ဝင်ရောက်လာတဲ့နဲ့အမျှ အသုံးပြုတဲ့စွန့်ပစ်အမှိုက်တွေလဲ တဖြည်းဖြည်းတိုးပွားလာတယ်လို့သိရပါတယ်။
အဲဒီ စွန့်ပစ်အမှိုက်တွေကို စိမ်းလန်း-ဖုန်ကန် ရေခဲတောင်သာယာလှပရေးအဖွဲ့က နိုဝင်ဘာ ၂၀ရက်ကနေ ၂၈ရက်နေ့အထိ ပူတာအိုမြို့နယ်ကနေ ဖုန်ကန်ရာဇီရေခဲတောင်ပေါ်အထိ အမှိုက်တွေကိုလိုက်လံကောက်ယူ မီးရှို့ဖျက်ဆီးပြီး ရေခဲတောင်သာယာလှပရေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြပါတယ်။
ရိုက်ကူး/တည်းဖြတ် -ဝေနှင်းထွဋ်