၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲ နေရာတချို့ ရှုံးနိမ့်ခဲ့ရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD)ပါတီသည် ပြုပြင် ပြောင်းလဲ မှုများ ဆောင်ရွက်သည့်အနေဖြင့် ပါတီဝင် တိုင်း
နှင့် ပြည်နယ် ဝန်ကြီးချုပ်များကို စောင့်ကြည့်ရေး အဖွဲ့ တခု ဖွဲ့ စည်း၍ လစဉ် ပါတီသို့ အစီရင်ခံစာ ရေးသားတင်ပြရန် တာဝန်ပေးအပ်တော့မည် ဖြစ်ကြောင်း သိရသည်။
“သမ္မတရုံးဆီကို ကျနော်တို့ ဝန်ကြီးချုပ် အစီရင်ခံစာ လစဉ်ရေးရတယ်။ စီးပွားရေး၊ လူမှုရေးအပြင် ဝန်ကြီးချုပ်ရဲ့ သုံးသပ်ချက်ဆိုတာ လစဉ် ပါတယ်။ သမ္မတကြီးသွားတဲ့အခါကျတော့ ဧရာဝတီတို့ ဘာတို့မှာ ပြော တာတွေ ရှိတယ် မဟုတ်လား။ တခါလည်း ဒါပဲ ထပ်နေတယ်ဆိုပြီး။ အခုက လစဉ် ဝန်ကြီးချုပ် အစီရင်ခံစာ အပြင် လစဉ် ပါတီ အနေနဲ့ ရေးရတော့မယ်။ ပါတီက ထိပ်ကပဲ ရှိမှာ”ဟု ဧရာဝတီ၏ မေးခွန်းကို NLD ဒုတိယ ဥက္ကဌ ဒေါက်တာ ဇော်မြင့်မောင်က ပြန်လည် ဖြေကြားခဲ့သည်။