၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် တပ်မတော်ရဲ့ ပါဝင်မှုက အလွန်အရေးကြီးတာကြောင့် တပ်မတော်ကို စည်းရုံးလုပ်ဆောင်နေတယ်လို့ အာဏာရပါတီ NLD ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ပြောပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူကြီးမင်းအောင်လှိုှုင်က ၂၀၂၀ ခုနှစ်မှာ ငြိမ်းချမ်းရေးကို ပြည်သူ့လက်အရောက်အပ်နှံမယ်လို့ ပြောခဲ့တာကြောင့် ငြိမ်းချမ်းရေးနဲ့အတူ ဖွဲ့စည်းပုံပြင်ရေးဟာလည်း တပါတည်း ဖြစ်လာမယ်လို့လည်း ဒေါက်တာမျိုးညွှန့်က ပြောပါတယ်။
ဒီဇင်ဘာလလ၉ရက်က နေပြည်တော်စည်ပင်ဧည့်ရိပ်သာမှာ ပြုလုပ်တဲ့ ပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးအပြီးမှာ မီဒီယာတွေရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့တာဖြစ်ပါတယ်။