ဧရာဝတီ၊ ဒီဇင်ဘာ ၁၂၊ ၂၀၁၈
ဖုန်ကန်ရာဇီရေခဲတောင်ဟာ ကချင်ပြည်နယ် ပူတာအိုမြို့နယ်မှာ တည်ရှိပြီး အမြင့်ပေ (၁၁၉၂၅)ပေမှာရှိနေပါတယ်။ အဲဒီရေခဲတောင်ကို တတ်ရောက်လိုတဲ့ ခရီးသွားတွေအနေနဲ့ ပူတာအိုမြို့ကနေ ဝါဆာဒမ်းကျေးရွာ နဲ့ ဇီယာဒမ်းကျေးရွာများက နေအိမ်တွေမှာ နေ တညစီ အိပ်ရမှာဖြစ်ပြီး ခရီးစဉ် တတိယရက်ကနေမှာ တောတွင်းလမ်းတွေကို ဖြတ်သန်းရမှာဖြစ်သလို တောထဲမှာ ညအိပ်ဖြတ်သန်းရမှာ ဖြစ်ပါတယ်။
မြန်မာပြည် မြောက်ဖျားပိုင်းမှာ တစုတစည်းထဲတည်ရှိပြီး အလှတရားတွေ မပျက်စီးသေးတဲ့ ရေခဲတောင်တွေဆီ လာရောက်လည်ပတ်ဖို့ ကချင်ပြည်နယ်က ဖိတ်ခေါ်နေပါတယ်။
သတင်း / ရိုက်ကူး – ဝေနှင်းထွဋ်
တည်းဖြတ် – ငြိမ်းဇော်