ဧရာဝတီ၊ ဒီဇင်ဘာ ၁၈၊ ၂၀၁၈
အီးယူက ကုန်သွယ်မှုအထူးအခွင့်အရေး(GSP) ရုတ်သိမ်းလိုက်ရင် အထည်ချုပ်ကဏ္ဍတင်မကပဲ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ ကျောက်မျက်ရတနာ၊ ဟိုတယ်နှင့်ခရီးသွား၊ ကုန်စည်ပို့ဆောင်ရေးစတဲ့လုပ်ငန်း၉ခုအပေါ်မှာပါ သက်ရောက်မှုရှိနိုင်ပြီး လုပ်သားသန်းနဲ့ချီအလုပ်အကိုင်ထိခိုက်နိုင်တယ်လို့ သိရပါတယ်။
အီးယူအနေနဲ့ မြန်မာနိုင်ငံအပေါ် GSPမရုတ်သိမ်းဖို့ လုပ်ငန်းရှင်တွေနဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ တွေက ဒီဇင်ဘာလ ၁၇ရက်နေ့က ပူးပေါင်းကြေညာချက်ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။
ရိုက်ကူး/တည်းဖြတ် – ရွှေလေး