မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကမာဘီကျေးရွာအုပ်စုမှာ ကျေးရွာပိုင်မြေတွေကို အရင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဟောင်း နဲ့ အဖွဲ့က အကွက်ရိုက်ရောင်းချခဲ့တာမှာ မြေယာအငြင်းပွားမှု ဖြစ်ပေါ် နေပါတယ်။
ပေ ၄၀၊ ပေ ၆၀ အကျယ် မြေတစ်ကွက်ကို ၃ သိန်းနှုန်းနဲ့ မြေကွက်ပေါင်း ၄၆ ကွက် ကို ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာ ရောင်းချခဲ့တာဖြစ်ပြီး အဲ့ဒီ မြေကွက်တွေထဲက ၂၁ ကွက်မှာ စာချုပ်မရှိပဲ အငြင်း ပွားမှုဖြစ်နေတယ်လို့ သိရပါတယ်။
ကမာဘီကျေးရွာရဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ငွေလိုအပ်မှုကြောင့် ၁၉၇၉ ခုနှစ်ကတည်းက လန (၃၉) ကျထားသော ကျေးရွာမြေကို ကျေးရွာလယ်ယာစီမံခန့်ခွဲမှု အဖွဲ့၊ ကျေးရွာကော်မတီ ၃ ခုဖွဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတို့က ညှိနှိုင်းဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။
ရိုက်ကူး/တည်းဖြတ် – ဉာဏ်စိုးဝင်း