တသောင်းတန် ငွေအတုကိစ္စနဲ့ပတ်သက်ပြီး အတုပြုလုပ်သူတွေကို ထိထိရောက်ရောက် ဖော်ထုတ်ဖမ်းဆီးဖို့လိုနေတယ်လို့ ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေကြေးဆိုင်ရာကော်မတီ အတွင်းရေးမှူး ဦးတင်ထွန်းနိုင်က ပြောပါတယ်။
လက်ရှိမှာ လက်ဝယ်တွေ့ရှိတဲ့သူတွေကိုသာ ဖမ်းဆီးအရေးယူနေတာတွေ့နေရတဲ့အတွက် အပြစ် မရှိသူတွေကို အကာအကွယ်ပေးနိုင်ဖို့အတွက် ဗဟိုဘဏ်က အမိန့်ညွှန်ကြားစာထုတ်ပြန်တာလိုမျိုး လိုအပ်တာတွေ လုပ်ပေးဖို့ လိုနေတယ်လို့လည်း ဆိုပါတယ်။
အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီကလည်း ဒီဇင်ဘာလ ၂၀ ရက်က အစည်းအဝေး တခုကို လွှတ်တော်မှာ ကျင်းပခဲ့ပါတယ်။