ရက္ခိုင့်တပ်မတော် ( AA ) နဲ့ မြန်မာ့တပ်မတော်တို့ နှစ်ဘက်တိုက်ပွဲတွေကြောင့် ကျောက်တော်မြို့နယ် ယိုးချောင်းဖျားက မြိုတိုင်းရင်းသား ၉၀၀ ကျော်ဟာ ရန်ကုန် – စစ်တွေ ကားလမ်းမ အနီး ဝါးတောင်ကျေးရွာကို ရှောင်တိမ်းလာခဲ့ပါတယ်။
ခမောင်း ၊ ကင်ပိ ၊ သိန်းချောင်း ၊ တဲဝ ၊ လေကွိ ၊ င/ စရိုင်းကိုင်း ၊ ပညာကြီး ကျေးရွာတွေက မြိုတိုင်းရင်းသားတွေဖြစ်ပါတယ်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့က စတင် ထွက်ပြေးလာခဲ့တာဖြစ်ပြီး ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့အထိ စစ်ဘေးရှောင်သူတွေ ရောက်ရှိလာနေတုန်းဖြစ်ပါတယ်။