ဘူးသီးတောင်မြို့နယ်က ရဲစခန်းတွေတိုက်ခိုက်ခံရမှုမှာ သေဆုံးသွားသူ ရဲတပ်သားတဦးရဲ့ ဓါတ်ပုံနဲ့ကဗျာတပုဒ်က ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့ခဲ့ပါတယ်။
အသက်(၂၁)နှစ်အရွယ် အဲ့ဒီရဲတပ်သား ကိုလတ်ရဲ့အမဖြစ်သူ မအေးမိစံက မောင်ဖြစ်သူကို လိမ္မာစေချင်လို့ ရဲဝန်ထမ်းလုပ်ခိုင်းခဲ့တာဖြစ်ပြီး ခုလိုရခိုင်မှာတာဝန်ထမ်းဆောင်ရမယ်လို့ မထင်ကြောင်းနဲ့ မောင်ဖြစ်သူရဲ့ အရိုးပြာကို ပြန်လည်လိုချင်ကြောင်း ပြောပါတယ်။
ရက္ခိုင့်တပ်မတော် AA က ဇန်နဝါရီ ၄ ရက်နေ့မှာ ဘူးသီးတောင်မြို့နယ် အတွင်းက ရဲကင်းစခန်း ၄ခု ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ တပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးခဲ့ပြီး ၉ ဦးဒါဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။