ဧရာဝတီ၊ ဇန်နဝါရီ ၁၅၊ ၂၀၁၉
မြန်မာ-အမေရိကန် နှစ်နိုင်ငံချစ်ကြည်ရေးအနေနဲ့ Peace Crops Myanmar အဖွဲ့ကနေ မြန်မာနိုင်ငံက အစိုးရအထက်တန်းကျောင်းတွေမှာ အမေရိကန်နိုင်ငံက စေတနာ့ဝန်ထမ်းဆရာတွေစေလွှတ်ပြီး ကလေးတွေကို အင်္ဂလိပ်စာ၊ ဂီတနဲ့ အနုပညာတွေကို သင်ကြားပေးနေပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်း ပြည်မြို့က အ.ထ.က (၅) ကျောင်းမှာ Business မေဂျာနဲ့ ကျောင်းပြီးထားတဲ့ ဆရာမ လေဒီယာ (Lydia ) ဟာ ဆဋ္ဌမတန်း၊ နဝမတန်းတွေနဲ့ ကျောင်းမှာရှိတဲ့ ဆရာ၊ ဆရာမတွေကို အင်္ဂလိပ်စာဘာသာရပ် သင်ကြားပေးနေပါတယ်။
ရိုက်ကူး – ကောင်းမြတ်မင်း
တည်းဖြတ် – ဝေယံမိုးမြင့်