ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်မှာ အသုံးပြုဖို့ ကား ၅ စီးဝယ်ယူရာမှာ ငွေကြေးအလွဲသုံးစား လုပ်တယ်ဆိုပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့က ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင်ကို ဇန်နဝါရီလ ၁၃ ရက်နေ့က ပါတီကနေ ရက်သက်ပန် ထုတ်ပယ်ခဲ့ပါတယ်။
လွှတ်တော် ဒုဥက္ကဋ္ဌ ဦးစံမင်းအောင်ကတော့ မိမိတို့ ကားဝယ်ယူရေးအဖွဲ့အနေနဲ့ ကား ၅ စီး ဝယ်ယူရာမှာ ငွေကြေးအလွဲသုံးစားမှုတွေ လုပ်ဆောင်ခဲ့တာ မရှိဘူးလို့ ဧရာဝတီကို ပြောပါတယ်။
ရိုက်ကူး – ဆလိုင်းသန့်စင်
တည်းဖြတ် – ဝေယံမိုးမြင့်