ရတနာပုံတက္ကသိုလ်က ဖမ်းဆီးခံကျောင်းသားများ ပြန်လွှတ်ပေးရေး ကိစ္စနဲ့ ပတ်သက်ပြီး ဗကသ ကျောင်းသားခေါင်းဆောင်တွေနဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်အစိုးရအဖွဲ့တွေ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖမ်းဆီးခံကျောင်းသားတွေကို အတတ်နိုင်ဆုံးဖြေလျှော့ပေးသွားမယ်လို့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ ကျောင်းသားတွေက ပြောပါတယ်။
ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့က ကျောင်းသား ၇ ဦးဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့က မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အပါအဝင် ဝန်ကြီးတွေရဲ့ဓါတ်ပုံတွေနဲ့ ရတနာပုံတက္ကသိုလ်က ပါမောက္ခချုပ်ရဲ့ဓါတ်ပုံတွေကို အသုဘ အခမ်းအနား ပုံစံပြုလုပ်ပြီး မီးရှို့ ခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။