ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ရှိ ဓမ္မဟေဝန် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူ ၆၀၀ ကျောနီးပါးရှိပြီး ကျောင်းအိပ်၊ ကျောင်းစားနေ ပညာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူ ၄၀၀ ကျော်ဟာ အမိ၊ အဖ မစုံသူတွေနဲ့ ဆင်းရဲနွမ်းပါးသူများဖြစ်ကြပါတယ်။
ဒီဘုန်းတော်ကြီးသင် ပညာရေကျောင်းကို ဓမ္မဟေဝန် ကျောင်းထိုင်ဆရာတော် အဂ္ဂမဟာ သဒ္ဒမ္မ ဇောတိကဓဇ ဘဒ္ဒန္တညဏောဘာသ က ၁၉၉၃ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ဇန်နဝါရီ ၂၇ ရက်နေ့မှာတော့ ၂၅ နှစ်ရှိခဲ့ပြီမို့ ငွေရတု ရောက်ခဲ့ပြီဖြစ်ပါတယ်။
ရိုက်ကူး၊ တည်းဖြတ် – ဉာဏ်စိုးဝင်း