ဧရာဝတီ ၊ ဇန်နဝါရီ ၂၉ ၊ ၂၀၁၉
ရခိုင်ပြည်နယ်တွင် ပဋိပက္ခများရှိနေသော်လည်း စိုးရိမ်စရာမရှိဘဲ ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်ရန် အလားအလာ ကောင်းများရှိနေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြောသည်။
လက်ရှိတွင် စိုက်ပျိုးရေးနှင့် ခရီးသွားကဏ္ဍများတွင် ပြည်တွင်းပြည်ပကုမ္ပဏီအချို့နှင့် MoU ရေးထိုးဆောင်ရွက်နိုင်မည့် အခြေအနေတွင်ရှိနေသည်ဟုလည်း ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကပြောသည်။
ရခိုင်ပြည်နယ်၌ ကျေးတောမင်းကန် ဖွံ့ဖြိုးရေးစီမံကိန်း ပုဏ္ဏားကျွန်းတွင် စက်မှုဇုန်စီမံကိန်း၊ မြောက်ဦးမြို့သစ်စီမံကိန်းစသည့် စီမံကိန်းများအပါအဝင် ပုဂ္ဂလိကကို ဖိတ်ခေါ်လုပ်ကိုင်လိုသည့် စီမံကိန်း ၆ခုရှိကြောင်း သိရသည်။
အင်တာဗျူး -နန်းလွင်၊ ထက်နိုင်ဇော်
ရိုက်ကူး- ကျော်မျိုး
တည်းဖြတ်- ကျော်သူရ–