ဧရာဝတီ၊ ဖေဖော်ဝါရီ ၁၂ ၊ ၂၀၁၉
၇၂နှစ်မြောက် ပြည်ထောင်စုနေ့တွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဇဝနဒီပရပ်ကွက်တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုနှင့် ပန်းခြံဖွင့်လှစ်ပွဲ ပြုလုပ်ခဲ့သည်။
လွတ်လပ်ရေးဗိသုကာဖြစ်သလို ပြည်ထောင်စုဗိသုကာဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း၏ ကျေးဇူးကို ဂုဏ်ပြုသောအားဖြင့် ထားရှိဖွင့်လှစ်ရခြင်းဖြစ်ကြောင်း မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်သစ်က ပြောသည်။
အမြင့် ၉ ပေ၊ အလေးချိန် ၀ ဒသမ ၇၅ တန်ရှိ အဆိုပါ မတ်တပ်ရပ်ဟန် ဗိုလ်ချုပ်ကြေးရုပ်တုတည်ဆောက်ထားရှိရေးအတွက် ကျပ်သန်း ၅၀၀ခန့်ကုန်ကျပြီး အများပြည်သူ၏ စုပေါင်းလှူဒါန်းမှုဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေပြည်တော်ရှစ်မြို့နယ် ပျဉ်းမနား၊ လယ်ဝေး ၊ တပ်ကုန်းမြို့တို့တွင်လည်း ဗိုလ်ချုပ်ကြေးရုပ်ထားရှိပြီးဖြစ်သလို ဇဗ္ဗူသီရိမြို့နယ်တွင်လည်း ဗိုလ်ချုပ်ကြေးရုပ်ထားရှိရန် လုပ်ဆောင်နေသည်။
အင်တာဗျူး- ထက်နိုင်ဇော်
ရိုက်ကူး- ကျော်မျိုး