ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် မင်းဖူးရွာမှာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ကျေးရွာအတွင်း ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး အသက် ၁၈နှစ် အရွယ် အမျိုးသမီး မရီရီစိုး ဦးခေါင်းမှာ ကျည်ဆန်ထိမှန် သေဆုံးခဲ့ကာ အသက် ၄နှစ် ကလေးငယ် တဦး နဲ့ အမျိုးသမီး တဦးကို စစ်တွေမြို့ ပြည်သူ့ ဆေးရုံမှာ အတွင်းလူနာအဖြစ် အရေးပေါ် ကုသခံနေရပါတယ်။
မြန်မာတပ်မတော် တပ်မ ၂၂ နဲ့ တပ်မ ၃၃ ပူးပေါင်း စစ်ကြောင်းဟာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းက ရသေ့တောင်မြို့နယ်အတွင်း နော်ဝေကျေးရွာမှာ အိမ်ထောင်စုစာရင်းစစ်ဆေးပြီး အနီးက မင်းဖူးရွာကို လာရောက်ရာမှာ ရွာအဝင် တံတားအနီး မိုင်း ၂လုံး ပေါက်ကွဲတာကြောင့် ကျေးရွာအတွင်းသို့ ဝင်ရောက် ပစ်ခတ်ခဲ့တာလို့ ကျေးရွာသားတွေက ပြောပါတယ်။