ဧရာဝတီ၊ ဖေဖော်ဝါရီ ၂၈၊ ၂၀၁၉
လွတ်လပ်ရေး ရပြီးခါကစ ၁၉၄၉ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ကရင်-ဗမာ သွေးကွဲမှုတွေ ဖြစ်တဲ့အခါ ကရင် သေနတ်ကိုင် တပ်ရင်းတချို့ ရန်ကုန်မြို့ကို သိမ်းဖို့ ချီတက်လာတဲ့အခါ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့ နယ်ထဲက ဝက်ကော်တံတားအနီး အစိုးရ တပ်မတော်နဲ့ ဖြစ်တဲ့ တိုက်ပွဲမှာ တံမြက်စည်း လို့ နာမည်ပေးထားတဲ့ ရေတပ်သုံး ဘိုဖာအမြောက်ကို ဗိုလ်ကြီး ကျော်သိန်းလွင်နဲ့ ရေတပ် Gunner တွေက ကောင်းကောင်း အသုံး ချနိုင်ခဲ့လို့ ရန်ကုန်ဟာ ကရင်တွေလက်ကို ကျရောက်မသွားခဲ့ပါဘူး။
တကယ်လို့ အဲဒီတိုက်ပွဲမှာ ကရင်တွေ နိုင်ပြီး ရှေ့ဆက်တက်နိုင်ရင် အင်းစိန်မှာ တိုက်နေတဲ့ ကရင်အဖွဲ့နဲ့ ပေါင်းမိသွားတော့မှာ ဖြစ်လို့ပါ။ အဲဒီလို ရန်ကုန်မြို့ကို ကယ်တင်ခဲ့တဲ့ နာမည်ကျော် ဘိုဖာ တံမြက်စည်း အမြောက်ကြီးကို နေပြည်တော် တပ်မတော် စစ်သမိုင်းပြတိုက် ရေတပ် ပြခန်းမှာ ပြသထားရှိပါတယ်။ အဲဒီ တံမြက်စည်း အမြောက်ကြီးဟာ ၂၀၁၉ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က နှစ် ၇၀ ပြည့်ခဲ့ပါပြီ။
အဲဒီလို လွပ်လပ်ရေး ခေတ်ဦးကာလမှာ တိုက်ပွဲဝင်ခဲ့သူ စစ်သားဟောင်းကြီး ဗိုလ်ကြီးဟောင်း ကျော်သိန်းလွင်ရဲ့ သမိုင်း ဖြစ်သန်းမှု အတွေ့ အကြုံများ အရင်က တပ်မတော်ထဲမှာ တိုင်းရင်းသား ပေါင်းစုံ တည်ရှိခဲ့တာတွေ အကြောင်း ဧရာဝတီကို ဝေမျှပေးခဲ့ပါတယ်။
အင်တာဗျူး – ထက်နိုင်ဇော်
ရိုက်ကူး – ကျော်မျိုး