အင်းလေးဒေသထွက် ပိုးထည်ချည်ထည်တွေထဲက ကြာချည်ထည် နဲ့၊ ပိုးကြာပုဝါ စသဖြင့် ပဒုမ္မာကြာပန်းမှ အမျှင်လးများနဲ့ ချည်ဖောက် ယက်လုပ်တဲ့ အထည်တွေက လက်ဝင်လှသလို အချိန်ယူရပါတယ်။
သဘာဝအရ ကြာချည်ထည်ဟာ ရာသီဥတုပူချိန် ဝတ်ဆင်ပါက အေးမြစေပီး အေးသောရာသီမှာ ဝတ်ဆင်ပါက အနွေးဓါတ် ပေးလေ့ရှိပါတယ်။ ဂရုတစိုက် အချိန်ယူယက်လုပ်ရတဲ့အတွက် တန်ဖိုးမြင့် ချည်ထည် အမျိုးအစားထဲမှာ ပါဝင်ပါတယ်။