ဧရာဝတီ၊ ဧပြီ ၂၄၊ ၂၀၁၉
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ဒဟတ္တောကျေးရွာအုပ်စု သရက်ကိုင်းကျေးရွာက သိမ်းဆည်းမြေမှာ မြင့်ကုမ္ပဏီက လမ်းဖောက်လုပ်နေတာကို ဒေသခံတွေက မကျေနပ်ကြတဲ့အတွက် တင်းမာမှုတွေဖြစ်နေကြပါတယ်။
တောင်ကန်(တောင်)မြောင်းတံတားနဲ့ ရွှေလောင်းရေဆိုးမြောင်းကူးတံတားကြားမှာ ကွန်ကရစ်လမ်းဖောက်လုပ်နေတာဖြစ်ပြီး မူလမြေပိုင်တောင်သူတွေက ကုမ္ပဏီအသုံးပြုဖို့ လမ်းဖောက်တာဆိုပြီး မကျေမနပ်ဖြစ်နေကြတာ ဖြစ်ပါတယ်။
အဲ့ဒီလမ်းဖောက်လုပ်နေတဲ့မြေကို သရက်ကိုင်းကျေးရွာဒေသခံတွေက မူလပိုင်ဆိုင်တာဖြစ်ပြီး ၁၉၉၃ခုနှစ်က စစ်တပ်က သိမ်းဆည်းထားကာ မြေပိုင်ဆိုင်မှုရရှိရေး ပြန်လည်လျှောက်ထားနေစဉ်အတွင်း အခုလို လမ်းဖောက်လုပ်နေတာဖြစ်ပါတယ်။
ရိုက်ကူး – ဒီလှိုင်းဝင်း
တည်းဖြတ် – ဝေယံမိုးမြင့်