ဧရာဝတီ၊ မေ ၁၅၊ ၂၀၁၉
ရန်ကုန်-ပြည် အဝေးပြေးလမ်းမကြီးကို လေးလမ်းသွားအဖြစ်တိုးချဲ့ဖို့ သာယာဝတီခရိုင် နဲ့ ပြည်ခရိုင် လမ်းဘေးဝဲယာရှိ နှစ် ရာကျော် ကုက္ကိုပင်တွေ ရာနဲ့ချီပြီး ၂၀၁၈ နှစ်ကုန်ပိုင်းလောက်က စတင်ခုတ်လှဲနေတာဖြစ်ပါတယ်။
ဒီသစ်ပင်တွေကို သာယာဝတီခရိုင်နဲ့ ပြည်ခရိုင်အတွင်း ကားလမ်းမဘေးရှိ မြို့နယ်တွေက သက်ဆိုင်ရာ ဌာနဆိုင်ရာတွေနဲ့ Max Highway ကုမ္ပဏီတို့မှ အစည်းအဝေးပြုလုပ်ပြီး သဘောတူညီချက်ဖြင့် ခုတ်လှဲရခြင်းဖြစ်တယ်လို့ သိရပါတယ်။
နှစ် ရာကျော် သစ်ပင်ကြီးတွေ ခုတ်လှဲခံရတာဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံးမှုတွေဖြစ်တယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားနေသူတွေက ပြောပါတယ်။
ရိုက်ကူး – ကောင်းမြတ်မင်း
တည်းဖြတ် – ဝေယံမိုးမြင့်