ဧရာဝတီ၊ မေ ၂၄၊ ၂၀၁၉
အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လာရောက်ရင် AA အဖွဲ့ကို မှဲ့တပေါက်မစွန်းစေရဟု တပ်မတော်က အာမခံထားကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။
ဧပြီလက မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နဲ့ အစိုးရ တွေ့ဆုံစဉ် ပဏာမ အပစ်ရပ်စဲရေးစာချုပ် Bilateral Agreement လက်မှတ်ရေးထိုးနိုင်ဖို့ မေလ ၂၄၊ ၂၅ရက်မှာ တွေ့ဆုံညှိနှိုင်းရေးအတွက် ရန်ကုန်၊ နေပြည်တော် ၊ မြစ်ကြီးနားစတဲ့ မြို့တခုခုမှာ တွေ့ဆုံဆွေးနွေးရန် အဆိုပြုထားခဲ့ ပေမယ့် AA အဖွဲ့ဘက်က လုံခြုံရေးစိုးရိမ်မှုများ ရှိနေတဲ့အတွက် တွေ့ဆုံဖို့ နေရာ ဆက်လက်ညှိနှိုင်း တာတွေ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
ရိုက်ကူး – ကျော်မျိုး
တည်းဖြတ် – ဝေယံမိုးမြင့်