၂၀၁၉ -၂၀၂၀ ပညာသင်နှစ်မှာ Grade 3 တတိယတန်း ဖတ်စာ သင်ရိုးသစ်ကို စတင်သင်ကြား နိုင်ဖို့ တနိုင်ငံလုံးမှာရှိတဲ့ မူလတန်း ဆရာ၊ဆရာမတွေကို ၁၄ ရက်တာ သင်တန်းပို့ချခဲ့ပါတယ်။
သင်ရိုးသစ်မှာ ဘာသာရပ် ၁၀ခု ပါရှိပြီး လူမှုရေးဘာသာရပ်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဦးသန့်တို့ အကြောင်းကိုထည့်သွင်းသင်ကြားမှာဖြစ်ပြီး အခုသင်ရိုးသစ်ဟာ ကျောင်းသားတွေနဲ့ ဆရာတွေအတွက် ကောင်းမွန်တဲ့ သင်ရိုးတခုဖြစ်တယ်လို့ သိရပါတယ်။