ဧရာဝတီ၊ မေ ၂၇၊ ၂၀၁၉
အင်းဒင်ကျေးရွာ လူသတ်မှုနဲ့ ထောင်ဒဏ် ၁၀ နှစ် အပြစ်ပေးခံရတဲ့ တပ်မတော်သား ၇ ဦးကို လွတ်မြောက်ခွင့်ပေးလိုက်ပြီဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး အဲ့ဒီတပ်မတော်သားတွေကို အကျဉ်းထောင်မှာ ထိန်းသိမ်းထားတာမရှိဘူးလို့ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်စိုးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အဲ့ဒီကိစ္စ မှန်မမှန်ကို အတည်မပြုနိုင်သေးပေမယ့် အဲ့ဒီတပ်မတော်သားတွေဟာ ဥပဒေနဲ့အညီ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်သွားတာ ဖြစ်နိုင်တယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာန ခေတ ္တအမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးကပြောပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ် အောင်ကျော်ဟိုး၊ တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနဲ့ စစ်ဥပဒေချုပ်ရုံးက ဗိုလ်မှူးကြီး အောင်ခင်သိန်း တို့က အဲ့ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း၊ ထပ်မံကျင်းပမယ့် တပ်မတော် သတင်းစာရှင်းလင်းပွဲတွေမှာ ဆက်လက်ရှင်းလင်းသွားမှာဖြစ်ပြီး ထောင် ၁၀နှစ် ချမှတ်ခံရတဲ့ တပ်မတော်သားတွေအနေနဲ့လည်း အယူခံဝင်ခွင့်ရှိတယ်လို့ ဖြေကြားခဲ့ပါတယ်။
ရိုက်ကူး – ကျော်မျိုး
တည်းဖြတ် – ဝေယံမိုးမြင့်