ဧရာဝတီ ၊ မေ ၂၇ ၊ ၂၀၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်တွင် အသက် ၁၅ အရွယ် မိန်းကလေးတဦး အလိုမတူပဲ အဓမ္မပြုကျင့်ခံရမှု ဖြစ်ပေါ်ခဲ့သည်။ မုဒိန်းမှုကို ကျူးလွန်ခဲ့သူမှာ အသက် ၅၆နှစ်အရွယ် ဦးသန်းမြင့်ဆိုသူဖြစ်ပြီး အဘွားဖြစ်သူ၏ နောက်အိမ်ထောင်ဖက်ဖြစ်သည်။
အဆိုပါ အမျိုးသမီးငယ်တွင် ယခုအခါ ကိုယ်ဝန် ၂လကျော် ရှိနေပြီး ပြစ်မှုကျူးလွန်သူအား ဒလမြို့မရဲစခန်းမှ မေလ ၂၆ ရက်က ဖမ်းဆီးထိန်းသိမ်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
ရိုက်ကူး/ တည်းဖြတ် အဲမလီ