ဧရာဝတီ၊ မေ ၂၈၊ ၂၀၁၉
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ရွှေမြိုင်သီရိဈေးကို အသစ်တည်ဆောက်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး သဘောမတူကြောင်း ကန့်ကွက်စာကို မေ ၂၇ ရက်နေ့မှာ ဈေးသူ၊ ဈေးသား ၁၃၁ ဦးတို့က မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံထံ ဒုတိယအကြိမ် လာရောက်ပေးပို့ခဲ့ပါတယ်။
ဈေးအသစ် မတည်ဆောက်ရန် ပထမအကြိမ် ကန့်ကွက်စာကို ဈေးသူ၊ ဈေးသားများက မေ ၃ ရက်နေ့မှာ ပြည်နယ်ဝန်ကြီးချုပ်ထံ ပေးပို့ထားပြီးနောက် မေ၂၃ ရက်နေ့မှာ ရွှေမြိုင်သီရိရပ်ကွက်ရှိ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းမှာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဈေးသူ၊ ဈေးသားများ တွေ့ဆုံမှုများ ပြုလုပ်ခဲ့ကြပါတယ်။