လမ်းဘေး ခွေးတွေကို အစာကျွေးခြင်းက စည်ပင်ဥပဒေ အရ အပြစ်ရှိပြီး ဒဏ်ချမှတ်နိုင်ကြောင်း ဗဟန်းမြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ ဦးဝင်းဗိုလ်က ပြောသည်။
မေလ ၂၉ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဦးချစ်မောင်လမ်း ရန်ကင်းစင်တာအနီး ဆရာစံအရှေ့မြောက်ရပ်ကွက်ရှိ လမ်းဘေး ခွေးလေ ခွေးလွင့်များကို ရန်ကန်မြို့တော် စည်ပင်မှ မေ့ဆေးထိုး ဖမ်းဆီးထိန်းသိမ်းကာ လှည်းကူးမြို့နယ်ရှိ သဘာဝရိပ်သာသို့ပို့ ဆောင်ခဲ့သည်။