လူမှုကွန်ယက်ပေါ်မှာ တပ်မတော်သားတွေအပေါ် ဂုဏ်သိက္ခာထိခိုက်တဲ့စာသားတွေ ရေးသားတယ် လို့ဆိုပြီး ရွှေဝါရောင်ဆရာတော် ဦးသောဘိတ(အလကာၤကြယ်)ကို အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီး အောင်မျိုးကျော်က နိုင်ငံတော် အကြည်ညို ပျက်စေမှုနဲ့ အမရပူရ တရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့တဲ့ အမှုကို ဒီနေ့ ရုံးချိန်းမှာ တရားသူကြီးက ပလပ် လိုက်ပါတယ်။
ဆရာတော်ကို ပထမ တရားစွဲဆိုထားတဲ့ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) အမှုကို လာမယ့် ဇွန်လ ၂၀ ရက်နေ့မှာ ပြန်လည်ချိန်းဆိုလိုက်ပါတယ်။
ရိုက်ကူး – ဇော်ဇော်