ဧရာဝတီ၊ ဇွန် ၈ ၊ ၂၀၁၉
ပြည်တွင်းကုန်သည်များ ကုန်ကြမ်းရရှိစေရန် မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် ကျောက်မျက်ပြပွဲကို နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမတွင် ဇွန်လ ၈ မှ ၁၃ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။ အဆိုပါပြပွဲတွင် ကျောက်စိမ်းတွဲ ၃၁၀၀ ကျော်နှင့် ပတ္တမြား၊ နီလာ၊ ပြောင်ခေါင်းစိမ်းစသည့် ကျောက်မျက်တွဲပေါင်း၂၆၀ တို့ကို ပြသရောင်းချမည်ဖြစ်သည်။
ရိုက်ကူး- ကျော်မျိုး