ထိုင်းနိုင်ငံရှိ PTT Oil and Retail Business Public Company Limited နှင့် ကမ္ဘောဇ အုပ်စုဝင် ကုမ္ပဏီဖြစ်သည့် Brighter Energy Co.Ltd နှင့် Brighter Energy Retail Co.Ltd မြန်မာနိုင်ငံအတွင်း ဆီသိုလှောင်ကန်နှင့် စက်သုံးဆီလက်လီဆိုင်များ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု အခမ်းအနားကို ဇွန်လ ၉ ရက်နေ့ ရန်ကုန် Lotte Hotel တွင် ကျင်းပခဲ့သည်။
PTT အနေဖြင့် မြန်မာနိုင်ငံ၏ အကြီးမားဆုံးဖြစ်လာမည့် ဆီသိုလှောင်ကန်နှင့် မီးဖိုချောင်သုံးဓါတ်ငွေ့ရည် (LPD)သိုလှောင်ကန်ကို ၂၀၂၁ တွင် အပြီးတည်ဆောက်သွားမည်ဖြစ်သည်။
ထို့အပြင် PTT Station စက်သုံးဆီဆိုင်ပေါင်း (၇၀) ကိုလဲ လာမည့် ၂၀၂၃ မတိုင်မီ မြန်မာနိုင်ငံအနှံ့အပြားတွင် တိုးချဲ့ဖွင့်လှစ်သွားမည် ဖြစ်သည်။
ရိုက်ကူး/ တည်းဖြတ် -အဲမလီ