ဧရာဝတီ ဇွန်လ ၁၈၊ ၂၀၁၉
ချင်းပြည်နယ် မင်းတပ်ခရိုင်၊ မတူပီ-ပလက်ဝ လမ်းပေါ်ရှိ ကုလားတန်မြစ်ကူးတံတား (ပလက်ဝ) တည်ဆောက်ရေးအတွက် တံတားသံဘောင်နဲ့ ဆက်စပ်ပစ္စည်းတွေ တင်ဆောင်လာတဲ့ သဘောၤကို မတ်လ ၁၆ ရက်မှာ AA လက်နက်ကိုင်အဖွဲ့က ပစ်ခတ်လိုက်တာကြောင့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရပြီး တည်ဆောက်ရေးလုပ်ငန်းများ နှောင့်နှေးခဲ့ရပါတယ်။
အဲ့ဒီပစ္စည်းတွေကို IKBZ ကမ္ဘောဇအာမခံကုမ္ပဏီမှာ အလုံးစုံဆုံးရှုံးမှုအကာအကွယ်နဲ့ စစ်နဲ့ စစ်အသွင်အကာအကွယ်တွေအတွက် အာမခံထားရှိခဲ့တာကြောင့် ငွေကျပ် ၄၉၁၀ သိန်းကို အာမခံလျော်ကြေးအဖြစ် ပြန်လည်ရရှိခဲ့ပါတယ်။
အခုချိန်မှာ ပြန်လည်စတင်ဆောင်ရွက်တော့မှာဖြစ်ပြီး ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာ အပြီး တည်ဆောက်ဖို့ ရည်မှန်းထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြောဆိုပါတယ်။
ရိုက်ကူး – ကျော်မျိုး
တည်းဖြတ် – ဝေယံမိုးမြင့်