ဧရာဝတီ၊ ဇွန် ၂၄၊ ၂၀၁၉
ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၈မြို့နယ်တွင် အင်တာနက် ၊ Data ဝန်ဆောင်မှု ဖြတ်တောက်ထားတာနဲ့ ပတ်သက်ပြီး အမြန်ဆုံး ပြန်လည် သုံးစွဲခွင့်ပြုရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ တဆင့် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အရေးကြီး အဆို တရပ်ကို ဇွန်လ ၂၄ ရက်က ရခိုင်ပြည်နယ်လွှတ်တော်မှာ တင်သွင်း ခဲ့ပါတယ်။
ရခိုင်ပြည်နယ်ရှိ တိုက်ပွဲဖြစ်ပွားရာ နယ်မြေဒေသများဖြစ်တဲ့ မောင်တော၊ ဘူးသီးတောင် ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ စတဲ့ မြို့နယ် ၈ မြိုနယ် အပါအဝင် ချင်းပြည်နယ် ပလက်ဝ မြို့နယ်ကိုလည်း ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက အင်တာနက် ၊ Data သုံးစွဲခွင့်များကို ဇွန်လ ၂၁ ရက်နေ့က စတင်ပြီး ဖြတ်တောက်ခဲ့တာဖြစ်ပါတယ်။
အဆိုတင်သွင်းမှုကို ကန့်ကွက်သူ မရှိတဲ့အတွက် နောက်ရက်မှာကျင်းပမယ့် ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ ဆက်လက်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ရိုက်ကူး – မင်းအောင်ခိုင်
တည်းဖြတ် – ဝေယံမိုးမြင့်