ဧရာဝတီ ၊ ဇွန် ၂၃ ၊ ၂၀၁၉
မြန်မာ့သိုင်းအဖွဲ့ချုပ်မှတည်ထောင်ဖွင့်လှစ်ထားသည့် မြန်မာ့သိုင်းသင်တန်းကျောင်းမှ မြေဧရိယာ (၃.၁၈၂) ဧကရှိပြီး ဇေယျာသိဒ္ဓိခန်းမအပါအဝင် အဆောက်အဦး(၄)ခုသာ ရှိ၍ မြန်မာ့သိုင်းပညာရပ်များအားပိုမိုပြန့်ပွားတိုးတက်စေရန် လိုအပ်သည့် လေ့ကျင့်၊
သင်ယူ၊ သရုပ်ပြပွဲများအား လုပ်ဆောင်နိုင်ရန် လိုအပ်နေသည့် အဆင့်မြင့်
သိုင်းသင်တန်းခန်းမအဖြစ် အသုံးပြုနိုင်ရန် ရွှေတောင်ဖောင်ဒေးရှင်းမှ အလျားပေ ၁၂၀၊
အနံ ပေ ၆၀ ၊ အမြင့် ပေ ၂၈ ရှိ Streel Structure အဆောက်အဦးအား ငွေကျပ်သိန်း (၄၀၀၀)ကျော် အကုန်ကျခံဆောက်လုပ်လှူဒါန်းခြင်းဖြစ်သည်။
ယခုလွှဲပြောင်းပေးအပ်သည့် သိုင်းသင်တန်းခန်းမတွင် အဆင့်မြင့် လေ့ကျင့်၊
သရုပ်ပြမှုများ ပြုလုပ်နိုင်သည့် နိုင်ငံတကာအဆင့်မီ လေ့ကျင့်ရေးကွင်း (၂) ကွင်း ၊ အစည်းအဝေးခန်းမ (၁) ခု ၊ ကာယလေ့ကျင့်ခန်းမ (၁) ခု ၊ နားနေခန်း (၁) ခန်း ၊
အဝတ်လဲခန်း (၂) ခန်း နှင့် ရုံးခန်း (၂) ခန်း တို့ ဖွဲ့စည်းပါဝင်သည်။
ယနေ့အခန်းအနားသို့ ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ၊ ရန်ကုန်တိုင်းပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးလင်းနိုင်မြင့် ၊ ရန်ကုန်တိုင်း အစိုးရအဖွဲ့နှင့် တာဝန်ရှိသူများ ၊ ရွှေတောင်ဖောင်ဒေးရှင်း နာယက ဦးအိုက်ထွန်း နှင့်
အဖွဲ့ဝင်များ ၊Shwe Thaung Group မှ တာဝန်ရှိသူများ ၊ ဌာနဆိုင်ရာအသီးသီးမှ
ပုဂ္ဂိုလ်များ ၊ ပြည်နယ်နှင့်တိုင်းအသီးသီးမှ သိုင်းပညာရှင်ဆရာကြီးများ နှင့်
အမှုဆောင်အဖွဲ့ဝင်များ ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ
တက်ရောက်ခဲ့ကြသည်။
ရိုက်ကူူး/တည်းဖြတ် – ကျန်ကျောင်း