မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေကို သမ္မတရုံးကပါ ဝင်ပါပြီးတော့ တိုက်ဖျက်တာတွေ ဆောင်ရွက်နေပေမယ့် ဆေးဝါး ဖမ်းမိမှုတွေ၊ သုံးစွဲ၊ ရောင်းချ၊ ဖြန့်ဖြူးမှုတွေ အလွန်များလာတာ ဘိန်းစိုက်ပျိုးမှု လျော့ချပေမယ့် တဖက်မှာ စိတ်ပြောင်း ဓါတုဆေး ဝါး ထုတ်လုပ်မှုတွေက မြင့်တက်နေရတဲ့အတွက် ဖြစ်တယ်လို့ မှုးယစ်နှိမ်နင်းရေး ရဲတပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။
ဒီနေ့ဟာ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနဲ့ တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဖြစ်ပြီး တနိုင်ငံလုံးမှာ ဒီနေ့နဲ့ ပတ်သက်တဲ့ အခမ်းအနားတွေကို တနိုင်ငံလုံးမှာ ပြုလုပ်နေပြီးရန်ကုန်၊ မန္တလေး၊ တောင်ကြီးမြို့ တွေမှာ အမေရိကန် ဒေါ်လာ သန်း ၃၀၀ ကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှိုှု့ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ရိုက်ကူး – ကျော်မျိုး၊ ထက်နိုင်ဇော်