လုပ်ငန်းခွင်အတွင်း လုပ်ဖော်ကိုင်ဖက်များ၏ ခွဲခြားဆက်ဆံခံရခြင်း၊ နိုင့်ထက်စီးနင်း ပြုလုပ်ခံရခြင်း ၊ စကားလုံးများနှင့် ဝိုင်းဝန်းနှိပ်ကွပ်မှုတို့ကြောင့် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားသည့် အသက် ၂၆ နှစ်အရွယ် ကျော်ဇင်ဝင်း၏ ဈာပနကို ဇွန် ၂၆ ရက် ညနေပိုင်းက ရန်ကုန်မြို့ ကျီစုသုဿန်တွင် ပြုလုပ်ခဲ့သည်။
ကျော်ဇင်ဝင်းသည် ရန်ကုန်မြို့ Myanmar Imperial University(MIU) တက္ကသိုလ်တွင် စာကြည့်တိုက်မှူးအဖြစ် တာဝန်ထမ်းဆောင်နေသူလည်း ဖြစ်သည်။