ဧရာဝတီ၊ ဇွန် ၂၇၊ ၂၀၁၉
ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၈ မြို့နယ်တွင် အင်တာနက် ၊ ဒေတာ ဝန်ဆောင်မှု သုံးစွဲခွင့် ဖြတ်တောက် လိုက်ခြင်းနဲ့ ပတ်သက်ပြီး ပြန်လည် သုံးစွဲခွင့်ပြုရန် ပြည်နယ်လွှတ်တော်တွင် အရေးကြီး အဆိုတင်သွားခဲ့ရာ ဇွန်လ ၂၆ ရက်နေ့မှာ လွှတ်တော်က အတည်ပြုခဲ့ပါတယ်။
စစ်မက်ဖြစ်ပွားလျှက် ရှိသော ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၈ ခုတွင် ဖြတ်တောက်ထားသည့် အင်တာနက် ၊ ဒေတာ ဝန်ဆောင်မှုအား အမြန်ဆုံး ပြန်လည် သုံးစွဲခွင့်ပြုရန် ပြည်နယ်အစိုးရအဖွဲ့မှ တဆင့် ပြည်ထောင်စု အစိုးရ အဖွဲ့အား တိုက်တွန်းကြောင်း အရေးကြီး အဆိုနဲ့ ပတ်သက်ပြီး လွှတ်တော်ရဲ့ သဘောထားကို ရယူတဲ့အခါ လွှတ်တော်မှာ ကန့်ကွက်မယ့် သူမရှိတဲ့အတွက် လွှတ်တော်က အတည်ပြုခဲ့ခြင်း ဖြစ်ပါတယ်။
ရိုက်ကူး – မင်းအောင်ခိုင်
တည်းဖြတ် – ငြိမ်းဇော်