ဧရာဝတီ၊ ဇွန် ၂၉၊ ၂၀၁၉
နှစ် ၇၀ ကျော် ပြည်တွင်းစစ်ကြောင့် တိုင်းရင်းသား လူနည်းစုဒေသတွေက ဒေသခံတွေ စစ်ဘေးရှောင် ဘဝကြုံနေရဆဲ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်သုံးစုကျော်က ကရင်ပြည်နယ် ဖလူးဒေသ နဲ့ ဝေါလေဒေသဘက် တွေမှာ အစိုးရစစ်တပ်နဲ့ ကရင်အမျိုးသား လက်နက်ကိုင်တပ်တို့ကြား တိုက်ပွဲပြင်းထန်မှုကြောင့် ဒေသခံတွေလည်း စစ်ဘေးရှောင် ဖြစ်ခဲ့ပါတယ်။ နေရပ်စွန့်ခွာရသူတွေ အခုတော့ နေရပ်ပြန် နေထိုင်နိုင်တဲ့ အခြေအနေ ရှိလာနေပါပြီ။
၂၀၁၂ခုနှစ်မှာ ကရင်တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနဲ့ အစိုးရတို့ အပစ်ရပ်ပြီး နောက်ပိုင်းကာလမှာ ပြည်တွင်းနေရပ်စွန့်ခွာခဲ့ရတဲ့ ဒုက္ခသည်တွေဟာ ကရင်ပြည်နယ်အတွင်း ပြန်လည်အခြေချထားရေးအစီအစဉ်အရ နီပွန်ဖောင်ဒေးရှင်းမှ ဆောက်လုပ်ပေးထားတဲ့ အိမ်ယာတွေမှာ ပြန်လည်အခြေချနေထိုင်မှုတွေ ရှိလာပါတယ် ။
အင်တာဗျုး – ငြိမ်းငြိမ်း
ရိုက်ကူး/တည်းဖြတ် – ဝေနှင်းထွဋ်