MIU (Myanmar Imperial University) မှာ စာကြည်တိုက်မှုးအဖြစ် တာဝန်ထမ်းဆောင်နေသူ ကိုကျော်ဇင်ဝင်းဟာ လိင်စိတ်ခံယူမှုအပေါ် ဖိအားပေးဝန်ခံစေခြင်းနဲ့ လုပ်ငန်းခွင်အတွင်း ဖိနှိပ်ခံရတာတွေကြောင့် မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့တယ်လို့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံနှံခဲ့တဲ့အပေါ် MIU တည်ထောင်သူ ဒေါ်ပို့ပို့ကြည်ကို ဧရာဝတီက သွားရောက်မေးမြန်းခဲ့ပါတယ်။
ဖြစ်ရပ်မှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ ယူဆရသူ ကိုကျော်ဇင်ဝင်းရဲ့ လုပ်ဖော်ကိုင်ဖက် ၃ဦးကို အလုပ်က ယာယီ ရပ်ဆိုင်းထားပြီး သက်ဆိုင်ရာရဲစခန်းနဲ့ လူ့အခွင့်အရေးကော်မရှင်တို့နဲ့ ပူးပေါင်းကာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
အင်တာဗျူး -ဇူးဇူး
ရိုက်ကူး/တည်းဖြတ် – ဝေယံမိုးမြင့်