ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာရေးှနှစ်အတွင်း စီမံကိန်း ( လျှာထားချက် ) လုပ်ငန်းတွေကို ရေးဆွဲထားရာမှာ ပြည်နယ်ရဲ့ မြောက်ပိုင်း နဲ့ တောင်ပိုင်းကို ခွဲခြားပြီး ဘတ်ဂျတ် ရေးဆွဲထားတာကြောင့် လွှတ်တော် ကိုယ်စားလှယ်တွေ ထောက်ပြ ဝေဖန်ခဲ့ကြပါတယ်။
သံတွဲ ၊ တောင်ကုတ် ၊ ဂွ ၊ ရမ်းဗြဲ ၊ ကျောက်ဖြူ စတဲ့ တောင်ပိုင်းက မြို့နယ်တွေမှာ ငွေကြေး အများအပြားသုံးစွဲဖို့ ထည့်သွင်းရေးဆွဲထားပြီး မြောက်ပိုင်းက မြို့နယ်တွေဖြစ်တဲ့ ရသေ့တောင် ၊ ဘူးသီးတောင် ၊ မောင်တော ၊ ကျောက်တော် ၊ ပုဏ္ဏားကျွန်း ၊ မင်းပြား ၊ မြေပုံ စတဲ့ မြို့နယ်တွေကို ငွေကြေး လျော့ပေါ့ကာ ရေးဆွဲထားတာ တွေ့ရတယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက ထောက်ပြ ဝေဖန်ကြပါတယ်။
ရိုက်ကူး – မင်းအောင်ခိုင်
တည်းဖြတ် – ဝေယံမိုးမြင့်