ပဲခူးတိုင်း အနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်မှာ ဇွန်လ ၂၄ ရက်နေ့က အရက်ဆိုင်အတွင်း မူးယစ်ရမ်းကားသူ တဦးကို ဖမ်းဆီးပေးဖို့ ဆိုင်ရှင်မှ တိုင်ကြားခဲ့ရာ ရဲတပ်ဖွဲ့ဝင်တွေ ရိုက်နှက်မှုကြောင့် ၅ ရက်ကျော်ကြာ သတိလစ်မေ့မျောခဲ့ပြီး၊ ရန်ကုန်ဆေးရုံကြီးမှာ မနေ့က သေဆုံးသွားတယ်လို့ သိရပါတယ်။
ရိုက်နှက်မှုမှာ ပါဝင်သူ ရဲတပ်သား ၄ ဦးကို ဖမ်းဆီးထားပြီး ခုံရုံးဖွဲ့စစ်ဆေးနေတယ်လို့ သိရပါတယ်။