ဧရာဝတီ၊ ဇူလိုင် ၂၊ ၂၀၁၉
နေပြည်တော်မှာ ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားတဲ့ နေ့ကလေးထိန်းနဲ့ မူကြိုကျောင်း ၁၅ ကျောင်းရှိပြီး အဲဒီကျောင်းတွေထဲမှာ လတ်တလော နာမည်ကြီးနေတဲ့ Wisdom Hill မူကြိုကျောင်းလည်း ပါတယ်လို့ လူမှုဝန်ထမ်း ဦးစီးဌာနက တာဝန်ရှိသူတွေက ပြောပါတယ်။
အဲ့ဒီကျောင်းတွေကို ခွင့်ပြုမိန့် မရမချင်း မဖွင့်ရဘူးလို့ သက်ဆိုင်ရာက မနေ့က စာထုတ်ပြန် လိုက်တာကြောင့် မူကြိုကျောင်း တချို့ ဒီနေ့ကစပြီး ယာယီပိတ်ထားရပြီလို့ သိရပါတယ်။
ရိုက်ကူး – ကျော်မျိုး
တည်းဖြတ် – ဝေယံမိုးမြင့်