ဧရာဝတီ ၊ ဇူလိုင် ၁၁ ၊ ၂၀၁၉
၂၀၁၇ ခုနှစ် အကြမ်းဖက်မှုဖြစ်စဉ်အတွင်း မောင်တောမြို့နယ်က နေရပ်စွန့်ခွါသွားတဲ့ သူတွေအတွက် အိန္ဒိယအစိုးရဘက်က နေအိမ် (၂၅၀) ကို ဆောက်လုပ်လှူဒါန်းပြီး ဇူလိုင်လ ၉ ရက်နေ့က မြန်မာနိုင်ငံကို လွဲှပြောင်းပေးအပ်ခဲ့ပါတယ်။
အခမ်းအနားကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး နဲ့ ဌာနဆိုင်ရာ အစိုးရဝန်ထမ်းများ တက်ရောက်ခဲ့ကြပါတယ်။
ရိုက်ကူး- အဲမလီ ၊ မင်းအောင်ခိုင်
တည်းဖြတ်- ဧရာဝတီ